Systemပိုင်းအရကြည့်မယ်ဆိုရင် android OSကို သုံးတဲ့ ဘယ်Devicesမှာမဆို (ဖုန်းတင်မကဘူးနော်) partation(အလွှာ) ၆-ခု ပါတယ်ဗျ။
အဲဒါတွေကတော့-
၁။ /boot အလွှာ
၂။ /system အလွှာ
၃။ /recovery အလွှာ
၎။ /data အလွှာ
၅။ /cache အလွှာနဲ့
၆။ /misc အလွှာ တို့ပါပဲ။
တခြား အလွှာတွေလဲ ပါသေးတာပေါ့ဗျာ.... /sdcard တို့ /SD-extတို့ဒါပေမယ့် အဲဒီ partationတွေက systemအတွက် သိပ်အရေးမကြီးဘူးဗျ။ နောက်ပြီး သူတို့က ဖုန်းတိုင်းမှာ မပါဘူး။ /sdcardက ဖုန်းတိုင်းမှာ ပါပေမယ့်။ /SD-extကတော့ ဖုန်းတိုင်းမှာမပါဘူးပေါ့ဗျာ။ အပေါ်က ကျနော်ပြောခဲ့တဲ့ partation(6)ခု ကတော့ ဖုန်းတိုင်းမှာပါတယ်ဗျ။
၁။ /bootအလွှာမှာဆိုရင် System ကို bootလုပ်နိုင်တဲ့ Kernalနဲ့ RamDiskအပိုင်းပါတယ်။ဒီbootအလွှာမ ပါရင် ဘယ်ဖုန်းမှ မနိုးဘူးနော်။ဒါကြောင့်အရေးကြီးတယ်။တကယ်လို့ အကြောင်းတစ်ခုခုကြောင့် bootအ လွှာပျက်စီးသွားရင်တော့ recoveryအလွှာကနေပြီး ပြန်ရေးနိုင်ပါတယ်။
၂။ /system အလွှာထဲမှာတော့ androidရဲ့ operation system(OS)ကြီးရယ်၊ Android GUIလို့ခေါ်တဲ့
Graphic User Interfaceရယ်တို့ပါတယ်ဗျ။ GUI Interfaceဆိုတာကတော့ ကျနော်တို့ ဖုန်းသုံးရင် မျက်စိ နဲ့မြင်နိုင် တို့ထိပြီး ခိုင်းစေနိုင်တဲ့ applicationတွေကို ပြောတာပါ။
၃။ /recoveryအလွှာကတော့ ဖုန်းမှာ တစုံတခုကြောင့် Systemပိုင်း ပျက်စီးသွားခဲ့ရင် ပြန်ပြီး ဆယ်ယူဖို့ backupလုပ်ဖို့ပေါ့ဗျာ အဲဒီအတွက်ထားတာပါ။ recoveryအလွှာကို Alternative Bootအလွှာလို့လည်းခေါ် တယ်။သူက bootအလွှာကို ပြန်ရေးနိုင်လို့လေ။
၎။ /data အလွှာမှာတော့ User Dataတွေဖြစ်တဲ့ contacts, sms, settingနဲ့ applicationတွေပါပါတယ်။
ကျနော်တို့ Fectory resetချလိုက်တဲ့အခါမှာ စ၀ယ်တုန်းကလို အသစ်အတိုင်းဖြစ်သွားတယ်ဆိုတာ ဒီထဲ ကuser dataတွေကို ဖြတ်ပစ်လိုက်လို့ဗျ။ အားလုံးရှင်းထုတ်ပစ်လိုက်တယ်ပေါ့ဗျာ။
၅။ /catch အလွှာဆိုတာကတော့ ကျနော်တို့ အသုံးပြုတဲ့ application တွေရဲ့ Componentsတွေကို သိမ်းထားတဲ့နေရာပါ။ဆိုလိုတာကတော့ဗျာ ကျနော်တို့ သတင်းဆော့ဝဲလ်ကိုသုံးတယ်ဆိုပါစို့ စစinstall လုပ်တုန်းက ဘာသတင်း ဘာdataမှ မပါဘူးလေ။ internet သို့ wifiချိတ်ပြီး ဖွင့်လိုက်တော့မှ သတင်း တွေကျလာတာ အဲဒါတွေကို catchလို့ခေါ်တာပေါ့ဗျာ။gameဆော့ရင်လဲဒီအတိုင်းပါပဲ ကိုယ်ရောက် နေတဲ့ lavelကို အဲဒီcatchထဲမှာမှတ်သားထားပေးပါတယ်။ဒါကြောင့် နောက်တစ်ခါပြန်ဆော့ ရင် အဲဒီLavelကိုရောက်နေတာပေါ့။ ပေါက်သွားပြီလို့ထင်ပါတယ် :)....။
ဒါကြောင့် အဲဒီcatchတွေကို ဖြတ်ပစ်လဲ applicationကတော့မပျက်ဘူး။ မသကာ အစကပြန်စရုံပေါ့။ :)
၆။ /misc အလွှာ....... ဒီအလွှာထဲမှာတော့ အသုံးပြုသူ ပြုပြင်ပြောင်းလဲထားတဲ့ System Settingsတွေကို သိမ်းပေးထားပါတယ်။ အလွယ်ဆုံးဗျာ wallpaperပြောင်းတာတို့ ringtoneပြောင်းတာတို့ပေါ့။ဒါကြောင့် ဖုန်းpowerပိတ်ပြီး ပြန်ဖွင့်လဲ ကိုယ်ချိန်ထားတဲ့ settingsအတိုင်းရှိနေတာပေါ့။
ဒါပါပဲဗျာ........အားလုံး သဘောပေါက်မယ်လို့ထင်ပါတယ်.....
ကျေးဇူးတင်ပါတယ်။
Showing posts with label Android-နည်းပညာ. Show all posts
Showing posts with label Android-နည်းပညာ. Show all posts
Wednesday, June 24, 2015
Tuesday, May 26, 2015
Android phone-တွေမှာ pattern lock and pin lock-ဖြေနည်း(Menually)
Android phone-တွေမှာ ကျနော်တို့ဟာ Lock screen-ကို pattern lock and pin lock နဲ့ ပိတ်ထားတတ်ပါတယ်။ ပြဿနာက အဲဒီ pattern lockကို မေ့သွားတဲ့အခါ အကြိမ်ကြိမ်အခါခါ ကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံး System-က အလိုလို lock-ချ ပစ်လိုက်တာပါပဲ။ အခု ကျနော်သုံးမယ့်နည်းက မည်သည့် unlocker software-မှ မသုံးပဲ ADB command သုံးပြီး ပြုပြင်မှာဖြစ်ပါတယ်။ အဲဒီလို Lock-ဖွင့်ဖို့အတွက် မိမိရဲ့ဖုန်းဟာ root-ထားပြီးသားဖြစ်ရပါမယ်။ ပြီးတော့ usb debugging-လည်း ဖွင့်ထားရပါမယ်။ အဲဒီအချက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ စလိုက်ကြရအောင်ဗျာ........................။
Subscribe to:
Posts (Atom)
