Showing posts with label ios-နည်းပညာ. Show all posts
Showing posts with label ios-နည်းပညာ. Show all posts

Wednesday, June 24, 2015

ios 8.3 ကို jailbreak လုပ်မယ်

         ios 8.3ကို jailbreakလုပ်နိုင်တဲ့ TaiG Jailbreak Tool v2.0 ထွက်လာပါပြီခင်ဗျာ။ windowမှာပဲ သုံးလို့ရပါသေးတယ်။ တခြား osတွေအတွက်လည်း မကြာမီ ထွက်လာတော့မယ် ထင်ပါတယ်။

ကဲ...... ပြောနေကြာတယ်ဗျာ......စကြစို့။

၁။TaiG Jailbreak Tool v2.0ကို ဒီမှာ ဒေါင်းလိုက်ပါ။

၂။Phoneရဲ့ Settingsထဲက passcodeကိုဝင်ပြီး passcodeကို offထားပေးပါ။

၃။Phoneရဲ့ Settingsထဲက icloud--->Find My Iphoneထဲဝင်ပြီး Turn Offလုပ်ထားပါ။
   အောက်ပုံကိုကြည့်ပါ........................
၎။Phoneနဲ့ Computerကိုချိတ်၍ နံပါတ်၁မှာ ဒေါင်းထားသော TaiG Jailbreak Toolကိုဖွင့်၍ Startကို နှိပ်ပါ။
၅။Jailbreakစတင် ပြုလုပ်နေပါလိမ့်မယ်။
၆။Jailbreakစတင် ပြုလုပ်ပြီးက ဖုန်းဟာ auto restartကျသွားပြီး jailbreak succeedဆိုတဲ့ Messageကို
   TaiG jailbreak Toolမှာ တွေ့မြင်ရပါလိမ့်မယ်။

၇။restartကျပြီး ပြန်ပွင့်လာရင် သူငယ်ချင်းတို့ရဲ့ iDevicesလေးဟာ Cydiaလေးနဲ့ လန်းနေတာကို တွေ့ရ ပါလိမ့်မယ်။ (restartကျပြီး Apple logoမှာ လည်နေရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံနော် ဟဲ...ဟဲ။ jailbreak မလုပ်ခင် အားလုံးကို Backupလုပ်ထားတာကတော့ အကောင်းဆုံးပေါ့ဗျာ။)


မှတ်ချက်။     ။ ituneနောက်ဆုံး ဗားရှင်း v12.1.2ကို တင်ထားတယ်ဆိုရင် ပြန်ဖြုတ်ချပြီး။    
                   v12.0.1ပြောင်းတင်လိုက်ဗျ။ နောက်မို့ဆို errorတက်လိမ့်မယ်။ iTune v12.0.1ကို
                   ဒီမှာ ယူလိုက်ပါ။

                                                   " အဆင်ပြေပါစေဗျာ"


Tuesday, June 23, 2015

ios 8.3 သမားများ သတိရှိဖို့ပါ................................

Ios 8.3 jailbreak ရပြီကြားပါတယ်
Apple သုံးတဲ့ သူတွေလုံးဝ jailbreak မလုပ်ပါနဲ့ ။
ကျွန်တော့ iphone6plus တော့ hacked ခံလိုက်ရပါပြီ။ mealware ထိသွားပြီ။jailbreak လုပ်ပြီး သွင်း ထားတဲ့ app or game တွေထဲက ပါလာတယ်ယူဆ ပါတယ် ။ကျွန်တော် icloud နဲ့ find my i phone မဖွင့် ထားပဲ 8.3 တင်ပြီး တော့ icloud activate လုပ်ခိုင်းနေပါတယ် ။yahoo mail ကြီး နဲ့ပါ ။ကျွန်တော် လုံး ၀ yahoo mail မသုံးခဲ့ပါဘူး ။ဖုန်းက ပါကင်ဖောက်ထား တာဖြစ်သလို us apple store က၀ယ်ခဲ့ တာပါ ။အကို မိုးသကြား ပြောကြားချက်အရ တရုတ် jailbreak tool ထွက်လာပြီးတဲ့နောက်ပိုင်း အဲ့ mealware ပါလာတယ် လို့ ပြောပါတယ် ။ခုတကယ်လို့ icloud remover လုပ်မယ်ဆို 250$ 260,000ks လောက်ကျပါမယ် ။
အားလုံးပဲ တက်နိုင်သလောက် jailbreak မဖောက်ပဲသုံး ပါလို့ ရင်နာနာ နဲ့ ပဲ သတိပေး လိုက်ပါတယ် ...
ရှယ်ပေးကြပါ ...