Saturday, June 27, 2015

Mobile Phone Network Systemအကြောင်း...............


အိပ်မပျော်သေးတာနဲ့ Mobile Phone Network Systemအကြောင်းလေး ရေးအုံးမယ်ဗျာ...................။
Mobile Phone Network Systemဆိုတာ ဖုန်းဆက်သွယ်ရေးစနစ်ကိုပြောတာပါ။
ကျနော်တို့ အခုသုံးနေကြတဲ့ Network စနစ်တွေကိုကြည့်မယ်ဆိုရင် Mobile Phone Call Network System(ဖုန်းခေါ်ဆိုမှု ဆက်သွယ်ရေးစနစ်) အနေနဲ့..........
၁။ GSM
၂။ WCDMA
၃။ CDMA 800MHZ နဲ့
၎။ CDMA 400MHZ ဆိုပြီး Network System လေးမျိုးတွေ့ရတယ်ဗျ။
GSMစနစ် စတင်ပေါက်ဖွားလာပုံလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ၁၉၈၀ခုနှစ်လောက်က ဥရောပနိုင်ငံတွေမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးစနစ် က Analog Cellular Systemပါ။ သူက local Networkအနေနဲ့ပဲသုံးလို့ ရတယ်။ local Networkဆိုတာကတော့.......
ဥပမာ။ ။မြ၀တီကဖုန်းဆိုရင် မြ၀တီမြို့တွင်းမှာပဲ သုံးလို့ရမယ် တခြား ဘားအံတို့ မော်လမြိုင်တို့ ရန်ကုန်တို့ကနေ ဆက်သွယ်လို့မရဘူး ကိုယ်ကလည်းပြန်ခေါ်လို့မရဘူး။ ကျနော်ပြောတာ သဘောပေါက် လားမသိဘူး။
အဲဒီနောက်တော့ ၁၉၈၂လောက်မှာ ဥရောပနိုင်ငံကြီးတွေစုပေါင်းပြီး Mobile Networkအတွက် Standard(စံသက်မှတ်ချက်)တစ်ခုထားဖို့ တိုင်ပင်ကြတယ်ဗျ။ အဲဒီရဲ့ အကျိုး ရလဒ်ကတော့ Group Special Mobile(GSM)ဆိုပြီး စတင်ပေါက်ဖွားလာ တာပါပဲ။
၁၉၈၇လောက်ရောက်တော့ နိုင်ငံပေါင်း၁၃နိုင်ငံ စုပေါင်းလက်မှတ် ထိုးပြီး နိုင်ငံတွေအချင်းချင်း အကန့်အသက်မရှိဆက်သွယ်နိုင်မယ့် Cellular Phone Networkကြီးတစ်ခုကို အကောင်အထည်ဖော်ခဲ့ကြတယ်ဗျ။ GSMကိုလည်း Global System for Mobile Telecommunications(GSM)လို့ နာမည်ပြောင်းလိုက်ကြတယ်။
GSM Network-မှာ အသုံးပြုထားတဲ့ Frequencyတွေကို ကြည့်မယ်ဆိုရင်
850MHZ/ 900MHZ/ 1800MHZ နဲ့ 1900MHZဆိုပြီးတွေ့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့မှာတော့ လက်ရှိ900MHZကို အသုံးပြုထားတယ်။
လူဦးရေထူထပ်တဲ့ နိုင်ငံတွေမှာ Frequencyအနိမ့်ပိုင်းတွေပဲ သုံးမှအဆင်ပြေမယ်။ ဘာကြောင့်လဲဆိုတော့ Frequency အမြင့်ပိုင်းတွေ သုံးမယ်ဆိုရင် တခြား Radioလှိုင်းတွေနဲ့ ရောပြီးရှုပ်ထွေးသွားနိုင်တယ်ဗျ။
အာရပ်နိုင်ငံတွေမှာဆိုရင် 1800/ 1900MHZတွေကိုပဲ သုံးကြတယ်လို့ ဖတ်ဖူးတယ်။ ဟုတ်မှာပေါ့ သူတို့က သဲကန္တာရကြီးကိုး။
........... နောက်ရက်မှ WCDMAနဲ့ CDMAအကြောင်း ဆက်ရေး တော့မယ်။
အားလုံးပဲ "အစစအရာရာ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ"

No comments:

Post a Comment