Friday, June 26, 2015

ဒီနေ့ Samsung Y Duos S6102တစ်လုံး EarSpeakerမလာလို့ လမ်းကြောင်းလိုက်ပြီး errorရှင်းလိုက်တာလေးပါ...


Error။ ။ မနေ့က ရေနည်းနည်းဝင်သွားပြီး ဆက်လို့ရသေး၊ ဒီနေ့ ဟိုဘက်ကပြောတာ ဘာမှမကြားရ။
softwareပိုင်းစစ်ကြည့်တော့ ဘာမှမဖြစ်။ Earspeakerကို စစ်ကြည့်တော့ EarSpeakerလည်းကောင်းတယ်။ ဒါနဲ့လမ်းကြောင်းကြည့်လိုက်တော့ power icကနေ earSpeakerအထွက်မှာ Filterပိုင်းအတွက် zener Diodeအတွဲတစ်လုံး ခံထားတယ်ဗျ။ အဲဒီ Diode Shortပြီး Groundကျသွားတော့ EarSpeakerပိုင်းကို voltမရောက်တော့တာ။

ဒါနဲ့ အဲကောင်လေးကို ဖြုတ်ပစ်လိုက်တော့ အားလုံး Okသွားပါတယ်။



ပြန်တပ်ပေးဖို့တော့ အစားထိုးစရာ Boardအဟောင်းမရှိလို့ မထည့်ပေးလိုက်ဘူး။ သူကFilterပိုင်းဆိုတော့ မရှိလည်းဖြစ်တယ်ဗျ .....ဒါပေမယ့်နည်းနည်းတော့ Qualityကျသွားတာပေါ့ဗျာ။ costomer ကိုတော့သေခြာပြောပြရတာပေါ့။

"အားလုံးပဲ အစစအရာရာ အဆင်ပြေကြပါစေ"
ကျေးဇူးတင်ပါတယ်ခင်ဗျာ

No comments:

Post a Comment