Tuesday, June 23, 2015

Touchလေးတွေအကြောင်း လေ့လာမယ်















ဖုန်းတွေမှာအသုံးပြုကြတဲ့ touch လေးတွေအကြောင်းလေ့လာကြည့်တော့ အမျိုးအစားပေါင်း
များစွာရှိတာသိလိုက်ရပါတယ်။အရင်က touch ဆိုရင် မှန်ပြားနဲ့ တွဲလျက်အိုင်စီပါတာရယ်၊
အိုင်စီမပါတာရယ် ၊java touch ရယ်ဒီလောက်ပဲ သိခဲ့တာ။နည်းပညာအသစ်တွေက လဲ နေ့ စဉ်နဲ့
အမျှ ထွက်နေတာဆိုတော့ လေ့လာလို့ မကုန်ပါဘူး။
touch screen တွေစပေါ်လာတာ 2012 လောက်ဖြစ်မယ်ထင်တယ်။သူ့ ထက်စောရင်လဲစောမှာပေါ့လေ
လက်ပွတ်လေးတွေကိုစမြင်ဖူးတာ java ဖုန်းလေးတွေမှာပေါ့။
အဲဒီတုန်းက မှန်တစ်ချပ်ကို 500—1000 ကြားလောက်ပဲရှိတာ။တစ်လုံးလဲရင် 5000—7000 လောက်ထိရတော့
တစ်လလောက်ဖုန်းပြင်လိုက်တာ သင်တန်းကြေးလေးတစ်ဝက်လောက်ကျေသွားတယ်။
Touch မှန်လေးတွေရဲ့ အစကတော့ Self-Capacitance အမျိုးအစားလို့ သိရပါတယ်။ single electrodes
ကိုအသုံးပြုထားပါတယ်။ဒီစံနစ်ရဲ့ အားနည်းချက်ကတော့ touch sensor က ဖတ်ယူလိုက်တဲ့ points တွေမှာ
real-points နဲ့ ghost-points ဆိုပြီး နှစ်မျိုးပါလာတတ်ပါတယ်။ touch ကိုအသုံးပြုတဲ့နေရာမှာများယွင်းတဲ့
function လုပ်ဆောင်မှုတွေ ဖြစ်လာပါတယ်။ဒီအမျိုးအစားကိုတော့ မိုဘိုင်းခေတ်ဦးဖုန်းတွေမှာသာပါဝင်တဲ့
အတွက် ကြုံဖူးသူလဲနဲမှာပါ။
အခုနောက်ပိုင်း touch တွေမှာတော့ Multi-touch self capacitance စံနစ်ကိုအသုံးများလာပါတယ်။
ဒီစံနစ်ရဲ့အားသာချက်ကတော့ electrodes ပြားနှစ်ပြားပါဝင်ပြီး driver အုပ်စုနဲ့ sense အုပ်စု ဆိုပြီး
အုပ်စုနှစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။
လူတွေမှာရှိနေတဲ့ လျှပ်စစ်စီးဆင်းနိင်တဲ့ စွမ်းအင်ကိုအဓိကအသုံးပြုထားတာပါ။ sanser electrode ရဲ့ ပြောင်းလဲသွားတဲ့ ဗို့  အားအညွန်းကိန်းအပေါ်မူတည်ပြီး analog volts များအဖြစ် တွက်ယူပါတယ်။
ဒီနေရာမှာ driver electrode နဲ့ sensor electrode ပြားနှစ်ခုရဲ့ Row & Column scanned sequence
အလိုက် ပြောင်းလဲသွားတဲ့ sensor point ကို ဖတ်ယူပေးနိင်တဲ့အတွက် တိကြတဲ့ လုပ်ဆောငိမှုကို
ရရှိစေပါတယ်။ တွက်ယူထားတဲ့ analog volts တွေကို DAC အိုင်စီမှတဆင့် digital signal ကိုပြန်ပြောင်းပေးပြီး CPU ကိုလိုအပ်တဲ့ user data အဖြစ်ပို့ ပေးပါတယ်။ဒီလမ်းကြောင်းကိုတော့
touch ic (သို့ ) DAC အိုင်စီနဲ့ CPU တို့ ကိုအဓိကချိတ်ဆက်ပေးတဲ့ TP IN လမ်းကြောင်းပဲဖြစ်ပါတယ်။
CPU ကနေ ထိန်းချုပ်ထားတဲ့ control လိုင်းတွေရှိပါတယ်။ အဲဒါတွေကတော့ touch id, touch reset,
SDA,SCL အစရှိတဲ့ လမ်းကြောင်းတွေဟာ CPU IC ရဲ့  GPIO အပိုင်း ကနေထိန်းချုပ်ပေးထားတာတွေ့ ရပါတယ်။ဒီလမ်းကြောင်းတွေကတော့ CPU ရဲ့ data လမ်းကြောင်းတွေဖြစ်တဲ့အတွက် jumper ကျော်တာတို့ 
ပြုပြင်ရတာတို့ ခက်ခဲမှုရှိပါတယ်။အဖြစ်များတာကတော့ I2C လို့ ခေါ်ကြတဲ့ two-wire bus လမ်းကြောင်း
ဖြစ်တဲ့ SDA ,SCL လမ်းကြောင်းတွေ အဖြစ်များပါတယ်။ touch အပိုင်းကိုပေးထားတဲ့ I2C data address
လမ်းကြောင်းပေါ်မှာ အခြား အစိတ်အပိုင်းတွေရဲ့ address တွေ လဲပါဝင်နေပါတယ်။ဥပမာ
Proximity sensor, Compass, Gyro sensor, Bluetooth, Camera Flash, အစရှိတဲ့ အစိတ်အပိုင်းတွေ
ပါဝင်နေတာတွေ့ ရပါတယ်။ဒီအပိုင်းတွေမှာ တစ်ခုခု error ရှိနေရင် touch ဆွဲလို့ မရတဲ့ ပြသနာတွေဖြစ်လာပါတယ်။ဗို့ ပေးသွင်းတဲ့အပိုင်းမှာတော့ 1.7v,2.8v ရယ်လို့  နှစ်မျိုးပေးသွင်းတာရှိသလို
2.7v တစ်လိုင်းထဲပေးသွင်းထားတာမျိုးလဲတွေ့ ရပါတယ်။ data လမ်းကြောင်းတွေနဲ့အတူ ရှိနေတဲ့
digital volts တွေကတော့ 1.5v နဲ့ 1.8v ကြားမှာအသုံးပြုတာများပါတယ်။
Self-capacitance touch အမျိုးအစား ကိုထပ်မံမွန်းမံလိုက်တာကတော့
Mutual Capacitance အမျိုးအစားကို တည်ထွင်ခဲ့ကြပါတယ်။ ဒီအမျိုးအစားမှာတော့
electrodes ပြားနှစ်ခုကို row, column အနေအထားကနေ patterns ပုံသဏ္ဍန် အကွက်လေးတွေနဲ့ 
ပြုလုပ်လာပါတယ်။
patternstr အမျိုးအစားကွဲပြားစွာတွေ့ ရပါတယ် Bar-stripe , Diamond, Caterpillar, Elan,.စသဖြင့်
တည်ဆောက်ပုံ ဒီဇိုင်းကွဲပြားကြပါတယ်။
Touch မှန်တွေကို ဒီဇိုင်းမျိုးစုံထုတ်လုပ်ကြပေမယ့် ပြီးပြည့်စုံတဲ့ touch တစ်ချပ်တော့မရကြသေးပါဘူး။
charging ကြိုးထိုးထားတဲ့အခါဖြစ်စေ၊LCD နဲ့အရမ်းနည်းကပ်သွားတဲ့အခါမှာ LCDs နဲ့ OLEDs တို့ ကနေထွက်လာတဲ့ peak-to-peak noise တွေရဲ့နှောက်ယှက်မှုကိုတော့ မကျော်လွှားနိင်ခဲ့ပါဘူး။
HUAWEI G730 မှန်တွေလဲတဲ့အခါ double tape ပါးနေရင် lcd နဲ့ငြှိပြီး တတ်ကိုမခိုင်းပဲရွှေ့ နေတာတို့ 
နေရာလွှဲပြီး လုပ်ဆောင်တာတို့ ကြုံဖူးကြမှာပါ။charging ကြိုးထိုးထားတဲ့မခါ touch ဆွဲရတာ လေးနေသလို
ဖြစ်တာမျိုလဲကြုံဖူးကြမှာပါ။
ဒီလိုအခက်အခဲတွေကျော်ဖြတ်ဖို့  SAMAUNG က ပထမဆုံး Super Amoled Capacitance Touch Screen
ကို တည်ထွင်နိင်ခဲ့ပါတယ်။ များမကြာမှီမှာပဲ LG နဲ့ SONY တို့ က Cell-to Cell Capacitance Touch ကိုထုတ်လုပ်ခဲ့ကြပါတယ်။ Iphone 5 မှာ အရည်အသွေးအထူးကောင်းမွန်တဲ့ Fully-in Cell Mutual Capacitance touch မှန်ကိုထုတ်လုပ်ခဲ့ပါတယ်။ သူတို့ ရဲ့ ထုတ်ကုန်ကို Touch-on- Display (TOD)
လို့ အမည်ပေးထားပါတယ်။လက်ရှိ iphone 6 မှာလဲဒီနည်းပညာကိုပဲထည့်သုံးထားပါတယ်။
နည်းပညာရဲ့ လိုအပ်ချက်အရ electrode plate ပြားကနေ electrode wire ကိုအသုံးပြုပြီး STYLUS
လို့ ခေါ်ကြတဲ့ touch –pen လေးတွေကို SMSUNG NOTE တွေမှာ အသုံးပြုလာကြပါတယ်။
Note တွေရဲ့မှန်တွေကိုခွာတဲ့အခါမှာ lcd ရဲ့နောက်ကျောဖက်မှာ ကြေးပြားဝါယာပတ်လမ်းလေးတစ်ခု
အပိုပါလာတာတွေ့ ရမှာပါ။ အဲဒီကြေးပြားဝါယာကြိုးလေးကို sensor grid လို့ ခေါ်ပါတယ် ။ဒီအပိုင်းကို
လျှပ်စီးကြောင်းတစ်ခုပေးသွင်းထားပြီး 30KHZ –to 70KHZ ကြားမှာရှိတဲ့ radio frequency တစ်ခုကို
ထုတ်လွတ်ပေးထားပါတယ်။
touch-pen အပိုင်းမှာတော့ ဗို့ ပေးထားခြင်းမရှိပါဘူး။
sensor grid ပိုင်းက ထုတ်လွတ်ပေးထားတဲ့ rf frequency ကို ငြို့ ယူမဲ့ coil အုပ်စုပါဝင်ပါတယ်။
coil ရဲ့တစ်ဖက်ထိတ်မှာတော့ pressuer-sensitive capacitor အပိုင်းရှိပါတယ်။ ပြောင်းလဲနေတဲ့
pressure တန်ဖိုးကိုတွက်ချက်ပြီး rf frequency အဖြစ်ပြန်ပြောင်းကာ sensor grid ကို data အချက်အလက်
များပြန်ပို့ ပေးပါတယ်။
ဒီနည်းနဲ့ touch –pen တွေဟာ ပုံများရေးဆွဲခြင်း၊ မှတ်စုတိုများ မှတ်ခြင်း၊photo shop လို ဆော့ဝဲမျိုးတွေ
နီးပါး ပုံတွေကို လိုသလို ပြုပြင်တဲ့နေရာမှာ လက်နဲ့ထိတို့ ရေးဆွဲခြင်းထက်ပိုမိုလျှင်မြန်လွယ်ကူစွာပြုလုပ်
နိင်တာကိုတွေ့ ရပါတယ်။
အခြားသော touch အမျိုးအစားတွေ ကတော့ multi point touch screen တွေပဲဖြစ်ပါတယ်။လက်ဆယ်
ချောင်းအထိအသုံးပြုနိင်တဲ့ နည်းပညာတွေပေါ်ထွက်လာပါတယ်။
touch နဲ့ပတ်သက်ပြီးတော့ လေ့လာလို့ မကုန်နိင်တဲ့အတွက် အတိုင်းအတာတစ်ခုထိတော့
မျှဝေပေးနိင်မယ်လို့ ထင်ပါတယ်။

No comments:

Post a Comment